ဒန်ဒန်ရဲ့ ပထမဆုံး ရထားခရီးစဉ်


    ဒန်ဒန်ရဲ့ ပထမဆုံး ရထားခရီးစဉ်



မှတ်မှတ်ရရ တောင်ငူကနေ ပုဂံကိုရထားနဲ့ သွားတဲ့ ခရီးစဉ်လေးအကြောင်းအာလူးဖုတ်ချင်ပါတယ်။
ရထားဆိုတာ ကလေးပိစိကွေးသေးသေးလေးတုန်းကတော့ စီးဖူးပါတယ်။ ဒါပေမယ့် အဲ့ခရီးတွေက 
တောင်ငူ - ရန်ကုန် သွားတာလောက်ပဲဆိုတော့ သိပ်ပြီးမှတ်မှတ်ရရ မဖြစ်ခဲ့ဘူးဗျ။ အဲ့တော့ လူပျိုပေါက်လေးကျွန်တော်ဖြစ်တဲ့အချိန်ရောက်တော့မှ သွားဖြစ်ခဲ့တဲ့ ပုဂံအကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ 
တိတိကျကျတော့မမှတ်မိတော့ဘူးဗျ။ ရထားစီးမှာ ကို ပျော်ပွဲစားထွက်မှာလို လိုသမျှပြင်ဆင်ပေးတာကတော့ ဒန်ဒန်ရဲ့ မွေးသမိခင်ကျေးဇူးရှင်မိခင်ပါ။ ရထားစီးရင် ရထားပေါ်မှာ အဆာပြေစားသောက်ဖို့ မုန့်ပဲသရေစာတွေ ဝယ်ပေးသူကတော့ ကျေးဇူးရှင်ဖခင်ပါ။ အရင်တုန်းက ရထားစီးရတာ ပျော်စရာကြီးကွယ့်လို့ဒန်ဒန်တို့ ဖိုးဖိုးကြီး ဖြစ်သွားတဲ့အခါပြောလို့

ရတာပေါ့။ ကဲ ရထားလေးနဲ့ ပုဂံသွားကြမယ်။ပေါ်ပီးပီပေါ်တို့ ဒုန်းဒုန်းဂျက်ဂျက်တို့ အသံတွေစကြားရတဲ့ အချိန် ရထားကြီးစထွက်ပါပြီ။ အခုတော့ အဲ့လိုအော်ပီးဆော့တဲ့ ကလေးတွေ ရှိရောရှိသေးရဲ့လားမသိ။မဆော့လဲ ဒန်ဒန်အလုပ် 
မဟုတ်ပါဘူးလေ။ တကြော်ကြာ်အော်ရောင်းတဲ့ မုန့်သည်တွေရယ်၊ စားသောက်ခန်းတွဲက ဘာစားမလဲ အကိုဆိုတဲ့ အသံတွေက ရထားတထောက်နားတဲ့ မိတ္တီလာမြို့ ကျွန်တော်တို့ ရထားကြီးပေါ်မှာ စတင်ကြားရပါတော့တယ်။ အဲ့အချိန်မှာ မွေးသမိခင်လဲ ချက်ပြုတ်လာတဲ့ ခရမ်းချဉ်သီးနှပ်၊ ပဲကြော်စုံ ၊ ကြက်သားကြော်တွေကို စတင်ဝါးတီးဖွင့်တော့တာပဲ။ရထာခုံလေးခုံရဲ့ အောက်မှာ ခေါက်ဖျာလေးခင်းပြီး ရထားပေါ်မှာ စားရတဲ့ ညစာရဲ့ အရသာက ရှယ်ပဲ။ ပြီးတော့ ရထားပေါ်မှာ အိပ်ရတဲ့အရသာက ပုခတ်လွှဲပေးနေသလို အိပ်လို့ကောင်းချက်။မနက်ခင်းမိုးလင်းတော့ ထန်းပင်တန်းလေးတွေနဲ့ မြေနီရောင်လမ်းလေးတွေ ပြီးတော့ အရိုင်းဆန်ဆန်ပေါက်နေတဲ့ အပင်တွေနဲ့ ဝိုး အရမ်းမိုက်တာပဲဗျ။ ဘာလိုဒန်ဒန်ထူးဆန်းနေတာလဲဆိုတော့ဒါဟာ ကျွန်တော့်ရဲ့ ပထမဆုံး ရထားနဲ့သွားတဲ့ ပုဂံခရီးစဉ်ပါ။ ပုဂံဆိုတာ ဝင်လိုက်တာနဲ့ကို ကျွန်တော့်အတွက် အခုထိနွေးထွေးနေဆဲပါ.................

Comments