ဒီနေ့လေးမှာတော့ခရီးသွားခြင်းကို ကဗျာဆန်ဆန်လေးသွားကြမယ်။

ဒီနေ့လေးမှာတော့ခရီးသွားခြင်းကို ကဗျာဆန်ဆန်လေးသွားကြမယ်။


စာလေးမဖတ်ခင်မှာ တစ်ခုတော့ သတိပေးစရာရှိတယ်ဗျ။ ဒီအကြောင်းအရာလေးကို FA များမဖတ်ရ၊ စိတ်ခံစားချက် ပြင်းပြင်းထန်ထန် အထီးကျန်သူတွေမဖတ်ရ။
နောက်တာ ဆက်ဖတ်။ ကဗျာဆန်ဆန်လေးခရီးထွက်မယ်ဆိုတော့ ကဗျာဆန်ဖို့ ဘာတွေလိုအပ်လဲဆိုတာကို အရင်စဉ်းစားရမယ်။
သူငယ်ချင်းတွေနဲ့ ခရီးထွက်ရင် ကဗျာဆန်ပါ့မလား။ ဘယ်ဆန်လိမ့်မလဲ သူငယ်ချင်းဘော်ဒါတွေသွားပါတယ်ဆို ပျော်ပျော်ရွှင်ရွှင် ပဲကောင်းပါတယ်။ သူတို့နဲက သွားပြီးကဗျာဆန်နေရင်တော့
အဆဲမခံရရင် ကံကောင်း။ ဒါဆို မိသားစုနဲ့ သွားမယ်ကွာ။ စဉ်းစားလိုက်တာနဲ့တင် အိုတာ အိုတာ မြင်မကောင်းဘူး။ မိသားစုနဲ့ သွားရင်က ပိုက်ပိုက်အတွက် စိတ်ချရပေမယ့်
တချို့ကိစ္စလေးတွေမှာတော့ ရှော့ရှိတယ်လေ။ အဲ့တော့ ကဗျာဆန်ဖို့အတွက် အရင်ဆုံးလုပ်ရမယ့် အလုပ်တစ်ခုက ချစ်သူရည်းစားကိုကို့ပစိလေးတွေ မီးမီးကိုကိုလေးတွေရအောင်ရှာပါ။
ရင်မှာစွဲလမ်းချစ်ခင်ရသော သူနဲ့သွားမယ်ဆိုရင်တော့ ခရီးစဉ်လေးကဗျာဆန်အောင်ဖန်တီးလို့ရမယ်လို့ မျှော်လင့်ရတာပဲ။ မျှော်လင့်ရတာပဲဆိုတာက ဒန်ဒန်ရဲ့ ဘော်ဒါ စပျစ်သီး အုန်းသီးလေးတွေဆို
ခရီးသွားရင် ပြသာနာတွေတက်ပြီးပြန်လာကြလွန်းလို့ ကဗျာမဆန်မှာတော့ စိုးရိမ်မိသား။ အဲ့တော့ မမျှော်လင့်ရပဲ ကဗျာဆန်ဆန်သွားရဖို့ရေး ဒို့အရေးအတွက် သိသမျှ မှတ်သမျှ အဖြာဖြာကို
single တစ်ယောက်အနေနဲ့ တွေးတွေးလို့ပျော်ရင်း ပြောပြေပေးချင်ပါတယ်။ ကိုယ်ရဲ့ ချစ်သူနဲ့သာ ခရီးသွားမယ်ဆိုရင် ပထမဆုံးက ကြူထားယူထားသမျှကို ကြိုတင်ဖျက်သွားပါ။
အဲ့တာ ပြသာနာအကြီးကြီးတွေဖြစ်သွားနိုင်တယ်။ ရစ်သမျှခံရလို့ ကဗျာမဆန်နိုင်ပါဆိုးသောကြောင့် ကြိုတင်ကာကွယ်ထားပါ။ ပြီးတော့ တက်နိုင်သမျှလမ်းခရီးမှာ ကိုယ့်ရဲ့ချစ်သူလေးကို ဂရုစိုက်ပါ။
ကားပေါ်ကဆင်းတာက အစ ဂရုစိုက်ပေး။ လိမ့်ကျသွားနှစ်ချောင်းကျွတ်သွားရင် အရင်ဆုံးကိုယ်ပဲ အထောင်းခံရမှာလေ။



သွားတဲ့နေရာလေးတွေလည်း သေသေချာချာလေးရွေးချယ်ပေးစေချင်ပါတယ်။
အေးအေးဆေးဆေး အနားယူလို့ရမယ့်နေရာမျိုးကိုရွေးချယ်ပါ။ တောင်တက် ၊ Trekking အဲ့လိုခရီးစဉ်မျိုးကိုရွေးချယ်ပါ။ ခက်ခက်ခဲခဲခရီးစဉ်တစ်ခုမှာ ကိုယ်လဲ သူ့လက်ကိုတွဲပြီးလျှောက်ချင်သလို
သူလဲ ကိုယ့်ရဲ့ဖေးမမှု့တွေနဲ့ လျှောက်လှမ်းချင်မှာပဲ။ တကယ်တော့ ခရီးသွားခြင်းဆိုတာ ချစ်သူတွေအတွက်တော့ဘဝခရီးလမ်းအရှည်ကြီးကို မလျှောက်သေးခင်မှာ ခရီးလမ်းအတိုလေးစမ်းလျှောက်ကြည့်ခြင်းလို့
အဓိပ္ပါယ်သတ်မှတ်ချင်ပါတယ်။ ခရီးတစ်ခုမှာ သူနဲ့အတူ လက်တွဲပြီးဖြေရှင်းရမယ့် ကိစ္စလေးတွေရှိမယ်။ နှစ်ယောက်အတူတူ ပျော်ရွှင်ရမယ့်အခိုက်အတန့်လေးတွေရှိမယ်။ ပင်ပန်းမှုတွေရှိမယ်။ ပျော်ရွှင်မှု့တွေရှိမယ်။တကယ့်ကို ဘဝခရီးလမ်းအတိုစားလေးပါ။ ချစ်သူတွေအဲ့လိုမျိုး ခရီးလေးတွေလဲ ထွက်စေချင်ပါတယ်။ ကျွန်တော်က အတွဲမရှိတော့ တစ်ယောက်ထဲပသြွားတယ်။ ပိုလွတ်လပ်တယ်။ ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ပဲ။
ဒီလိုပဲဖြေသိမ့်ရတာပေါ့။ ချစ်သူလေးသာရှိရင်တော့ ဆိုတဲ့ အတွေးမျိုးတော့ ခဏခဏတွေးဘူးတာပေါ့ဗျာ။ ချစ်သူလေူလက်ကို တွဲပြီး မိုင်တိုင်လေးတွေကိုရေတွက်လိုက်ပါ။ အချစ်ဆိုတဲ့ အရာကို ခရီးသွားတာလေးနဲ့
ပေါင်းစပ်လိုက်ပါ။ ကဗျာဆန်ဆန်ခရီးစဉ်လေးတစ်ခုကို ဖန်တီးပေးလိုက်ပါ။

Comments